G.T.I ကျောင်းသားဟောင်းများအသင်း

အသင်း၏ရှေ့ပြေးအစ

စက်မှုလက်မှုသိပ္ပံကျောင်း(၁၂)ကျောင်းအနက် အစောဆုံးပေါ်ပေါက်ခဲ့သည့်ကျောင်းမှာ အင်းစိန်စက်မှုလက်မှုသိပ္ပံကျောင်းဖြစ်သည်။ အင်းစိန်စက်မှုလက်မှုသိပ္ပံကျောင်းကို ၁၈၉၅ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် နှစ်တစ်ရာတင်းတင်းပြည့်ခဲ့သဖြင့် G.T.I တွင် သင်ကြားပို့ချခဲ့ကြသည့် အသက်(၆၀)ပြည့် ဆရာ၊ ဆရာမကြီးများကို ပထမအကြိမ်အဖြစ် အာစရိယပူဇော်ပွဲ ကျင်းပခဲ့သည်။ ဤကဲ့သို့ အာစရိယပူဇော်ပွဲကျင်းပသည့်နည်းတူ အသင်းတစ်သင်းအဖြစ်ရပ်တည်ရန် ကြိုးပမ်းခဲ့သည်။ ထိုစဉ်က "G.T.I ကျောင်းသား၊ ကျောင်းသူဟောင်းများအသင်း"ဟူ၍ အသင်းအမည်ယူခဲ့ကြသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် အသင်းအဖြစ် ပေါ်ပေါက်ခဲ့ခြင်း မရှိပေ။ G.T.I ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ မလျော့သော ဇွဲလုံ့လကြောင့် အခက်အခဲအမျိုးမျိုးကြားထဲက ၂၀၁၄ ခုနှစ်၊ ဧပြီလ (၃၀) ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနအသင်းအဖွဲ့များ ဖွဲ့စည်းခွင့်ပြုရေးနှင့်ကြီးကြပ်ရေးဗဟိုအဖွဲ့မှ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်အမှတ်(၂၂၀၃)ဖြင့် ဖွဲ့စည်းခွင့်ပြုခဲ့ပါသည်။ အသင်း၏အမည်မှာ G.T.I ကျောင်းသား၊ ကျောင်းသူဟောင်းများအသင်း [A.G.T.I Society] ဖြစ်ပါသည်။

Our Activities

AGTI Society ၏ ဆောင်ရွက်ချက်များ

  • ဝါဆိုသင်္ကန်းကပ်လှုပူဇော်ပွဲ
  • ထမနဲပွဲ
  • ကျောင်းသားညီလာခံ
  • Kinden Training
  • Sakura-Insein Electrical Training

Members

တာဝန်ထမ်းဆောင်ခဲ့သော ဥက္ကဠများ

ဦးခင်မောင်

၁၉၉၅ - ၁၉၉၈

ဦးရန်ဝင်း

၁၉၉၉ - ၂၀၁၀

ဦးငြိမ်းအောင်

၂၀၁၁ - လက်ရှိ

Contact Us

Myanmar AGTI Society
No. 303, Myanmar Engineering Society Office (3rd Floor)
Hlaing University Campus, Hlaing Township, Yangon

Map will not be display without Internet Connection.